click here and earn

Click here and Earn money

.


အမေရိကန် စစ်ဘက်၏ Twitter နှင့် YouTube အကောင့်များကို Hacker များက တိုက်ခိုက်ခဲ့ပြီး နာရီအနည်းငယ်မျှ ထိန်းချုပ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့ကို ထောက်ခံသည်ဟု ကြေညာထားသည့် Hacker အဖွဲ့တစ်ခုက အမေရိကန် စစ်ဘက်၏ အကောင့်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ Centcom (အမေရိကန် စစ်ဘက် ဗဟိုဌာန)၏ Twitter အကောင့်တွင် “အမေရိကန် စစ်သားတွေ၊ မင်းတို့ဆီ ငါတို့လာပြီ။ နောက်ကျောလုံအောင် နေကြ”ဟု ခြိမ်းခြောက် ရေးသားထားသည်ကို တွေ့ရသည်။

ထိုခြိမ်းခြောက် ရေးသားမှုနှင့်အတူ IS တပ်ဖွဲ့၏ သင်္ကေတကို ဖော်ပြထားပြီး အမေရိကန် စစ်ဘက်၏ အတွင်းရေး သတင်းအချက်အလက် အချို့ကိုလည်း Twitter ပေါ် လွှင့်တင် ရေးသားထားသည်ကို တွေ့ရသည်။ Centcom က ယခုဖြစ်ရပ်သည် အတန်ငယ် ထိခိုက်စေသည့် ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုဟု ပြောကြားခဲ့ပြီး သတင်း အချက်အလက် ပေါက်ကြားမှု ကြီးကြီးမားမား မရှိဟု ဆိုသည်။

အရှက်ရစရာ အခြေအနေ တစ်ခုမှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်ပြီး မိန့်ခွန်းတစ်ရပ် ပြောဆိုပြီးချိန်၌ အမေရိကန် စစ်ဘက်၏ အကောင့်များ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။


သမ္မတ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဂျော့ရှ် အားနက်စ်က အစိုးရသည် Centcom ၏ အကောင့်များ ပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးသွားရန် စီစဉ်နေကြောင်း ဆိုသည်။ ပင်တဂွန် စစ်တပ်မှ အရာရှိ တစ်ဦးက ယခုဖြစ်ရပ်သည် ရှက်စရာ ကောင်းသော်လည်း ကြီးမားသည့် ဆိုက်ဘာ ခြိမ်းခြောက်မှုမျိုး မဟုတ်ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

7Day Daily

Ref & Credit : http://7daydaily.com/story/29315#.VLYtHJTBBnU

0 comments:

Post a Comment